FA တွေအတွက် ဘဝလက်တွဲဖော်အမြန်ဆုံးရရှိစေနိုင်မယ့် နည်းလမ်း

Discussion in 'General Knowledge' started by Han Nway La, Dec 14, 2017.

  1. Han Nway La

    Han Nway La Member

    Online ကဏ္ဍ ဘယ်လောက်ကျယ်ပြန့်ကျယ်ပြန့် ရောင်းမထွက်တဲ့ FA တွေအတွက် Chatting ဗျုဟာကို ဖော်ပြပေးလိုက်ပါတယ်။

    [​IMG]
    1. ကိုယ်က စတင်ပြီး Crush တော့မယ်ဆိုရင် သူ့ရဲ့ အသက်ကို ခန့်မှန်းပါ။တချို့က အသက်ကို အမှန်မတင်တာကြောင့် မသိရလို့ ခန့်မှန်းဖို့သာ တတ်နိုင်ပါလိမ့်မယ်။

    တကယ်လို့များ သူတို့ဟာ အသက် 18 ကနေ 23 ဆိုရင်တော့ ရယ်မောပျော်ရွှင်ဖွယ်ရာ ဟာသတွေ ကြိုက်နှစ်သက်မှာဖြစ်ပြီး တချို့ကို မေးခွန်းလေးတွေ ကြိုက်ကြပါတယ်။23 နဲ့ အထက်ဆို၇င်တော့ သူတို့ရဲ့ တချို့မကြိုက်တဲ့ အပြုအမူတွေကိုရှောင်နိုင်ဖို့မေးထားပါ။လက်တွေ့ကျမယ့် စကားတချို့ ရွေးပြောပေးပါ။

    2. ဟာသတွေ ပြောဖို့တော့ မမေ့ပါနဲ့။ဟာသမကြိုက်တဲ့သူ ဘယ်သူမှ မရှိပါဘူး။လူတိုင်းက ရယ်ချင်ပါတယ်။သင်က ရယ်ပါ့မလားလို့ စိုးရိမ်စရာမလိုအောင် သူတို့ ရယ်မှာ သေချာတာမို့ ဟာသတွေ ညှပ်ပြီး ပြောပေးပါ။

    3. လိုရင်းကို ရောက်အောင်ပြောပါ။ကွေ့ပတ်နေတာမျိုးက သင့်အတွက်ရော သူ့အတွက်ရော အကျိုးမထူးပါဘူး။သင်က ကွေ့ပတ်ပြီး ပြောဆိုနေလို့ သူ့အနေနဲ့ စိတ်ညစ်စရာစရာ ကြုံရမှာဖြစ်ပါတယ်။

    4. 23 ကနေ 27 နှစ် အမျိုးသမီးတွေဆို 1990 ခုနှစ်ကာလ ဝန်းကျင်က အမျိုးသမီးတွေ ဖြစ်ပြီး သူတို့ကို အဲ့ဒီကာလက အကြောင်းတွေကို ပြောပြပါ။မှတ်ဥာဏ်ပြန်ဖော်ပေးပါ။ကစားနည်းတွေကို ပြန်ပြောပြပါ။သူတို့ သင့်အပေါ်တိမ်းညွှတ်လာပါလိမ့်မယ်။

    5. အခုတလောမှာ ခေတ်ထလာတဲ့ ဆယ်လီတွေအပေါ် သူ့အမြင်ကို ပြောဖို့ လမ်းကြောင်းပေးပါ။ကိုယ်ကလည်း ဆယ်လီတွေအကြောင်း ပြောပြပေးပါ။

    [​IMG]

    6. သူရဲ့ စိတ်ကူးယဉ်အိပ်မက်တွေကို မေးကြည့်ပါ။ကိုယ့်ရဲက စိတ်ကူးယဉ်အိပ်မက်တွေအကြောင်း ပြောပြပေးပါ။

    7. ဒီတခါလဲ မေးခွန်းလေးတွေ မေးပေးပါ။ဒီတခါမေးရမှာက တိကျသေချာတဲ့ သေချာတဲ့ မေးခွန်းတွေဖြစ်ပါတယ်။ဘယ်အချိန်ဆုံမှာလဲ။ဘယ်နေရာမှာ တွေ့မလဲတို့ ဆိုတာမျိုးပေါ့။

    8. သူမကို ချီးမွမ်းပါ။မြှောက်မှန်းမသိအောင် မြှောက်ပေးပါ။သူ့ရဲ့ ကောင်းမွန်တဲ့ အနာဂတ်ကို သူဘာသာ တည်ဆောက်တာ တော်ကြောင်းပြောပေးပါ။

    9. ကိုယ်နဲ့ ရင်းနှီးပြီထင်ရင် Hi တို့ မင်္ဂလာပါတို့လုပ်ပြီး စတင် မနှုတ်ဆက်ပါနဲ့တော့။သူတို့ကို ရင်းနှီးတဲ့ဟန်နဲ့သာ သူငယ်ချင်းလိုသာ ပြောဆိုပါ။

    10. သူတို့နဲ့ ရင်းနှီးကျွမ်းဝင်ဖို့ ကြိုးစားနေချိန်မှာ စကားမမှားပါစေနဲ့။တချို့က စကားမှားရင်တောင် လက်မခံတတ်ကြပဲ သင်နဲ့ သူစိမ်းဆန်သွားမှာ ဖြစ်ပါတယ်။

    11. သူတို့ စိတ်ဝင်စားတဲ့ အကြောင်းအရာတွေ ရှာဖွေပေးပါ။ဘယ်နေရာမှာ ရှိတယ်ဆိုတာပြောပြပေးပါ။

    12. ခရီးသွားအတွေ့အကြုံနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ ပြောပြခိုင်းပါ။သူတို့ဟာ ဒီလို ခရီးသွားခြင်းနဲ့ ပတ်သက်တဲ့ အတွေ့အကြုံတွေကို တစုံတယောက်ကို ပြန်ပြောပြချင်နေတာဖြစ်ပါတယ်။
    [​IMG]
     

Share This Page