13 ဂဏန်းကို ဒီအချက်တွေကြောင့် နိမိတ်မကောင်းတဲ့ နံပါတ်လို့ သတ်မှတ်ခဲ့ကြတယ်။

Discussion in 'General Knowledge' started by Zar Ni Nyein Tun, Dec 15, 2017.

Tags:
  1. Zar Ni Nyein Tun

    Zar Ni Nyein Tun Administrator Staff Member

    နိုင်ငံတော်တော်များများက 13 ဂဏာန်းကို Unluck Number လို့ ဆိုပါတယ်။ဘာလို့ 13 ဂဏန်းဟာ မကောင်းတာလဲ။ဘာတွေ ပြဿနာရှိခဲ့လဲဆိုတာ လူတော်တော်များများ အပြည့်အစုံမသိတဲ့အတွက် ဖော်ပြပေးလိုက်ပါတယ်။


    1. There were 13 people at the Last Supper.


    ခရစ်တော်ရဲ့ နောက်ဆုံးညစာစားပွဲဟာ လူ 13 ယောက်ပါဝင်တာကြောင့် မကောင်းဆဲ့ ဂဏန်းလို့ သတ်မှတ်ခဲ့တာဖြစ်ပါတယ်။ Judas Iscariot က သူ့ကို သစ္စာဖောက်ခဲ့တာဖြစ်ပြီး ဒီစားသောက်ပွဲဟာ နိမိတ်မကောင်းခြင်းကို ပြသတာဖြစ်ပါတယ်။
    [​IMG]

    2. Tarot Card.


    တဲရော့ကဒ်မှာ နံပါတ် 13 ဟာ သေခြင်းတရားနဲ့ သေမင်းဖြစ်ပါတယ်။ဒီကဒ်ကိုသာ ရလို့ကတော့ တနှစ်ပတ်လုံး ကံဆိုးတတ်ပါတယ်။
    [​IMG]

    3. The Norse Legend.


    လိုကီဆိုတာ ဘုရားသခင်က ရာထူးပေးထားတဲ့ အမှောင်နတ်မင်းဖြစ်ပြီး သူဟာ 13 ပါးမြောက် အရက်စက်ဆုံး နတ်မင်းဖြစ်ပါတယ်။
    [​IMG]

    4. 13 letter in a name spells doom.


    နာမည်စာလုံးတွေကို ပေါင်းလိုက်လို့ 13 လုံးရှိနေတဲ့ရင် ကြောက်မက်ဖွယ်ရာ အင်အားနဲ့ လွှမ်းမိုးတဲ့သူဖြစ်ပြီး သူတို့နဲ့ ပေါင်းမိသူတွေကတော့ ကံဆိုးတတ်ပါတယ်။ဒီလို နာမည်ကို ပေါင်းလို့ 13 လုံးရှိသူတွေထဲမှာ Adolfus Hitler, Charles Manson, Jack the Ripper, Jeffrey Dahmer, Theodore Bundy, Albert De Salvo တို့ပါဝင်နေတာဖြစ်ပါတယ်။
    [​IMG]

    5. The number 13


    12 ဂဏာန်းဟာ ပြည့်စုံကောင်းမွန်တဲ့ နံပါတ်ဖြစ်ပြီး 12 လ၊12 နာရီ နဲ့ ရာသီခွင်တွေသာရှိပြီး 1 သာတိုးလိုက်မယ်ဆို ထူးဆန်းတဲ့ ဇယားကွက်တွေနဲ့ ရှုပ်ထွေးသွားမှာဖြစ်ပါတယ်။
    [​IMG]

    6. Women menstruate roughly 13 times a year


    အမျိုးသမီးတွေဟာ 1 နှစ်မှာ 13 ကြိမ်လောက် ပြင်းထန်စွာ လာတဲ့ ဓမ္မတာ ကို ခံစားရစေတာဖြစ်ပါတယ်။
    [​IMG]

    7. Witches


    စုန်းတွေဟာ 13 ယောက်အဖွဲ့ ဖွဲ့ကြပြီး ဒီလို ပေါင်းစည်းညီညွတ်တဲ့ အဖွဲ့ဟာ အင်အားအကြီးဆုံးဖြစ်ပါတယ်။တနှစ်မှာ လပြည့်ပေါင်း 13 ရက် နဲ့ လကွယ် 13 ရက် တို့ရှိပြီး ဒီရက်တွေရဲ့ နောက်ဆုံးရက်တွေဟာ စုန်းတွေ အင်အားကြီးမားတတ်ပါတယ်။
    [​IMG]

    8. 13 steps


    ဇက်ကြိုးချတဲ့ ကြိုးရဲ့ အရစ်က 13 ကွင်းစွပ်ဖြစ်ပြီး ဒီလိုကြီုးမျိုးကို ဘယ်အိမ်ကမှ လက်ခံမထားချင်ကြပါဘူး။
    [​IMG]


    9. Friday, the 13th.


    13 ရက်ဟာ သောကြာနေ့နဲ့ တိုက်ပြီဆိုရင် ကြောက်မက်ဖွယ်ဆိုးရွားတဲ့ ညဖြစ်လာပြီလို့ ယုံကြည်ကြပါတယ်။ဒီညမှာ မမြင်နိုင်တဲ့ အမှောင်အင်အားစုရောသွေးဆာနေတဲ့ ဓားတွေရောဟာ လမ်းပေါ်ရောက်လာတတ်ပါတယ်။
    [​IMG]

    10. Tuesday, the 13th.


    ဂရိကတော့ 13 ရက်ဟာ အင်္ဂါနဲ့တိုက်ဆိုင်ရင် ဒါဟာ ရာသီဥတုဖောက်ပြန်မှု တခုဖြစ်တတ်တယ်လို့ သတ်မှတ်ခဲ့ကြပါတယ်။
    [​IMG]

    11. Babylon

    ဘေဘီလုံကို နတ်ဆိုး 13 ပါးနဲ့ မြို့တည်ပြီး ဥပဒေ 13 ရပ်နဲ့ ဟမ်မူရာဘီ ဘုရင်လက်ထပ်မှာ အုပ်ချုပ်ခဲ့တယ်လို့ သိရပါတယ်။
    [​IMG]
     

Share This Page