လေသူရဲဝတ်စုံသစ်ဝတ်ဆင်ပြီး ဆွစ်ဇာလန် Jungfrau တောင်ကနေ 2 မိုင်အကွာအထိ သက်တောင့်သက်သာ လေဟုန်စီးခြင်း

Discussion in 'General Knowledge' started by Zar Ni Nyein Tun, Nov 29, 2017.

Tags:
  1. Zar Ni Nyein Tun

    Zar Ni Nyein Tun Administrator Staff Member

    Fred Fugen နဲ့ Vince Reffet ဆိုတဲ့ အမြင့်ခုန်သမားနှစ်ယောက်ဟာ လေဟုန်စီးဝတ်စုံသစ်စမ်းသပ်မှုအတွက် ဆွစ်ဇာလန်က Jungfrau တောင်ပေါ်ကနေ ခုန်ဆင်းပြီး လေယာဉ်နဲ့အတူ 1 နာရီကို 85 မိုင်နှုန်းနဲ့ ပျံသန်းခဲ့ပါတယ်။လိုအပ်သလို အရှိန်ယူပျံသန်းနိုင်ပြီး လေပေါ်မှာ လမ်းကြောင်းရွေးခြယ်နိုင်တဲ့ ဒီဝတ်စုံဟာ အလွယ်တကူပဲ စမ်းသပ်မှုအောင်မြင်ခဲ့ပါတယ်။အရင်ကလို ဝတ်စုံမဲ့လေဟုန်စီးတာမျိုးမဟုတ်ပဲ အနိမ့်ပျံသန်းမှုအထိသုံးနိုင်တဲ့ ဒီဝတ်စုံဟာ တကယ့်ကို တွင်ကျယ်လာနိုင်ပါတယ်။သူတို့အခုခုန်ခဲ့တာလဲ အမြင့်ပေ 13000 ကနေ စခုန်ခဲ့တာဖြစ်ပါတယ်။အရင်ကလို အပျော်ပျံသန်းမှုအတွက် လေယာဉ်နဲ့ အမြင့်ပေသောင်းချီအထိ ပျံတက်ပြီး ခုန်ချမှုမျိုး လုပ်စရာမလိုတော့ပဲ အကယ်၍များ လေဖိအားရဲ့ နှုန်းနဲ့ ကိုယ့်အရှိန်ကိုသာ ထိန်းနိုင်မယ်ဆိုရင် မြေပြင်အထိ ငှက်တွေလို ညင်သာစွာ ထိန်းပြီး ဆင်းနိုင်မှာဖြစ်ပါတယ်။

    အခု ဆင်းခဲ့တဲ့ လေသူရဲတွေကကလဲ လေကြောင်းအတွေ့အကြုံ နှစ်နဲ့ချီရှိခဲ့ပြီး လေယာဉ်ထဲပြန်အဝင်မှာ သူတို့ရဲ့ ကျွမ်းကျင်တဲ့ ကိုယ်နေဟန်ထားကြောင့် အခက်အခဲမရှိဖြစ်ခဲ့တာဖြစ်ပါတယ်။

    ဒါဟာ အပျော်ဝတ်စုံအနေနဲ့ အသုံးပြုလာရင် ပြဿနာမရှိပေမယ့် စစ်တပ်တွေမှာ အသုံးပြုလာမှာကို စိုးရိမ်မှုတွေ ရှိနေခဲ့ပါတယ်။ကောင်းတဲ့ဘက်မှာ အသုံးပြုဖို့လာဖို့ မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။

    [​IMG]

    [​IMG]

    [​IMG]
     

Share This Page