ငွေကိုရေလိုသုံးလို့ အမျိုးသားအများစုရဲ့ အမုန်းခံနေရတဲ့ Instagram ဘုရင်ကြီး

Discussion in 'General Knowledge' started by Han Nway La, Jan 3, 2018.

  1. Han Nway La

    Han Nway La Member

    မကြာခဏဆိုသလို Instagram မှာ Tony Toutouni ဆိုတဲ့ အမျိုးသားရဲ့ ပုံတွေ တက်လာတတ်ပါတယ်။ဒီလို တက်လာတိုင်းလဲ အမျိုးသားအများစုဟာ သူ့ကို မနာလိုစရာဖြစ်လောက်အောင်ကို အမျိုးသမီးတော်တော်များနဲ့ တွဲပြီး ရိုက်ထားတဲ့ ပုံတွေဖြစ်ပါတယ်။သာမာန်ပုံတွေတောင်မဟုတ်ပဲ အမျိုးသမီးတွေဟာ အထက်ပိုင်း ဗလာကျင်းတွေဖြစ်ပါတယ်။
    [​IMG]

    [​IMG]

    ဒါတင်ပဲလားဆိုတော့ မဟုတ်ပါဘူး။သူ့မှာ ဘစ်ကနီကောင်မလေးတွေ အမြန်ဆုံး ဇိမ်ခံကားတွေနဲ့ ကိုယ်ပိုင်လေယာဉ်တွေနဲ့ အမြဲလိုလုပ်နေတဲ့ ပါတီပွဲတွေ သူ့မှာ ရှိပါတယ်။တောင်ပုံရာပုံ ပိုက်ဆံတွေလဲ သူ့မှာရှိနေတာဖြစ်ပါတယ်။

    [​IMG]

    [​IMG]

    [​IMG]

    သူဟာ အားလပ်ချိန်တိုင်းကို မိန်းမတွေနဲ့ အချိန်ဖြုန်းရတာကြိုက်တယ်လို့ ပြောပါတယ်။တကယ်တော့ သူ့အသက်က မငယ်တော့ပါဘူး။43 နှစ်ရှိနေပြီဖြစ်ပြီး သူဟာ မီလျံနာတစ်ဦးဖြစ်ပါတယ်။ Juliann ဆိုတဲ့ ကောင်မလေးနဲ့ လက်ထပ်ဖို့ အစီအစဉ်ရှိပေမယ့် တရားဝင်တော့ ဖြစ်နိုင်ချေနည်းပါတယ်။

    [​IMG]

    Juliann ဆိုတဲ့ သူ့ချစ်သူကောင်မလေးကတော့ သူ့ရဲ့ ဆိုးရွားတဲ့ ပွေချင်ရှုပ်ချင်တဲ့ ပုံစံကို အကောင်းဆုံးထိန်းချုပ်ကြည့်ရမှာပဲလို့ မတင်မကျပြောထားပါတယ်။ဘယ်အမျိုးသမီးမှတော့ ကိုယ့်ချစ်သူကိုယ့်လင်ယောက်ျားကို သဝန်မတိုပဲ မရှိဘူးလို့ ပြောပါတယ်။သူဟာ မိန်းမတွေ များစွာတွဲနေပေမယ့် စိတ်ပူစရာက သူ့နဲ့ အနီးစပ်ဆုံးဖြစ်နေတဲ့ အမျိုးသမီး သုံးဦးပဲဖြစ်ပါတယ်။သူ့ရဲ့ ပုံတွေကို ရုပ်ပြောင်လုပ်တာနဲ့ ဆဲဆိုတာတွေ ခံရတဲ့ သူဖြစ်ပါတယ်။

    [​IMG]

    ဘဝတစ်လျှောက်လုံး ပိုက်ဆံကို ရှာပြီး သုံးသွားမှာပါ။မစုထားဘူးလို့ သူက ပြောပါတယ်။သူ့ရဲ့ ဝင်ငွေတွေဟာ Hollywood nightclubs တွေမှာ သုံးဖြုန်းပစ်တာဖြစ်ပြီး သူ့ချစ်သူကိုလဲ 7 ကာရက်ရှိတဲ့ စိန်လက်စွပ်ဝယ်ပေးခဲ့ပါတယ်။သူ့ကတော့ Juliann နဲ့ သားလေးမွေးလာရင် သူ့သားကိုလဲ သူ့လိုပဲ သုံးဖြုန်းခိုင်းမှာ ဖြစ်တယ်လို့ သိရပါတယ်။သူ့ကိုယ်ပိုင်လေယာဉ်နားမှာ ရိုက်ထားတဲ့ နှစ်ယောက်တွဲပုံဟာ သူနဲ့ သူ့ချစ်သူရဲ့ ပုံဖြစ်ပါတယ်။
     

Share This Page