ချောကလက်တွေထုတ်လုပ်မှု နောက်နှစ် 30 အတွင်း ပျောက်ကွယ်သွားနိုင်

Discussion in 'General Knowledge' started by Han Nway La, Jan 3, 2018.

Tags:
  1. Han Nway La

    Han Nway La Member

    နှစ်ပေါင်း လေးဆယ်နီးပါး သက်တမ်းရှိတဲ့ ကိုကိုးပင်တွေက ကောင်းမွန်ပြည့်စုံတဲ့ ချောကလက်ထုတ်လုပ်မှုအတွက် အဆင်သင့်ဖြစ်စေတာဖြစ်ပါတယ်။ဒီ ကိုကိုးပင်တွေဟာ မပူမအေးနဲ့ နွေးတဲ့ အခြေအနေမှာ ပေါက်ရောက်ပြီး သူတို့ဟာ မြေနေရာနဲ့ ရာသီဥတုလဲ ရွေးပါတယ်။

    [​IMG]
    ဒီအပင်တွေကြီးထွားဖို့အတွက် 20 ဒီဂရီလောက်အပူချိန်ရှိမှာ ဖြစ်ပြီး များလို့ မရသလို သူ့ထက်လဲ နည်းလို့မရပါဘူး။ဒီတော့ သူတို့ဟာ မြောင်ဘက်နဲ့ တောင်ဘက်ဖြစ်တဲ့ အီကွေတာနဲ့ နီးစပ်ရာ ဒေသတွေမှာ ပေါက်ကြပါတယ်။ဒါဟာ လိုအပ်တဲ့အပူချိန်လဲ ကောင်းစွာ ရသလို မိုးရေချိန်လဲ ပုံမှန်ရနိုင်တဲ့အတွက်ဖြစ်ပါတယ်.။


    ဒါပေမယ့် လာမယ့်နှစ်30 အတွင်းမှာ ကမ္ဘာကြီးပူနွေးလာမှုကြောင့် 2.1 C အထိ မြင့်တက်သွားနိုင်တာဖြစ်လို့ ဒီအပင်တွေဟာ လိုအပ်တဲ့ အာဟာရ မရနိုင်တော့ပါဘူး။ဒါကြောင့် ချောကလက်စက်ရုံတွေအနေနဲ့ နောက် နှစ်သုံးဆယ်မှာ ရပ်နားသွားနိုင်ဖွယ်ရာ အလားအလာရှိတယ်လို့ US National Oceanic and Atmospheric Administration က ဆိုလိုက်ပါတယ်။
    [​IMG]

    လိုအပ်တဲ့ ပင်လယ်ရေမျက်နှာပြင်အထက်ပေါ်မှာသာ ပေါက်ရောက်တာ ကိုကိုးပင်တွေရဲ့ပြဿနာဖြစ်ပြီး သူတို့ရဲ့ နောက်လက်ကျန်က သက်တမ်းက နှစ်သုံးဆယ်သာဖြစ်ပြီး 2050 ကျရင် ကုန်လုနီးပါးဖြစ်သွားမှာပါ။ဒါကြောင့် ဂရုစိုက်ဖို့ လိုလာပြီလို့ ပြောပါတယ်။

    [​IMG]
    တကယ်လို့ ချောကလက်သာ မထုတ်ရရင် မစားရတာတခုနဲ့ မရောင်းရတာအတွက်ပဲ စိတ်ပူရမှာမဟုတ်ပဲ ဝင်ငွေလည်ပတ်မှုမှာ သိသိသာသာထိခိုက်လာမှာဖြစ်တယ်လို့ စီးပွားရေးအင်အားစုဘက်ကလည်း ပြောထားပါတယ်။


    အနောက်တိုင်းက ချောကလက်စားသုံးမှုများပြီး ဘယ်လ်ဂျီယံဟာ မှာယူမှုအမှားဆုံးဖြစ်ပါတယ်။ချောကလက်ဗူးပေါင်း 286 ဗူးဖြစ်ဖို့ ကိုကိုးပင်ဆယ်ပင်က အစေ့တွေလိုအပ်ပါတယ်။ဒါဟာ ထောပတ်နဲ့ နို့တို့ရောလို့ဖြစ်ပြီး ချောကလက်သီးသန့်ဆို မရပါဘူး။

    တကယ်လို့ ချောကလက်သာ ထွက်မလာရင် ကိတ်တွေ ရေခဲမုန့်တွေနဲ့ အခြားအရသာပေါင်းစပ်မှုတွေမှာ ချောကလက်ကဏ္ဍ လုံးဝပျောက်ကွယ်သွားနိုင်တာဖြစ်ပါတယ်။


    1990 ခုနှစ်မှာထဲက အင်ဒို၊တရုတ်၊အိန္ဒိယနဲ့ ဘရာဇီးတို့ဟာ ကြီးမားတဲ့ ချောကလက်ဈေးကွက်ကို ထိန်းချုပ်ထားတဖြစ်ပြီး လူသန်းပေါင်းများစွာဟာ စားသောက်နေတာဖြစ်ပါတယ်။နှစ်တရာအတွင်း ဗြိတိန်မှာ ချောကလက်ထုတ်လုပ်မှုကလဲ ပို ပိုတိုးလာတယ်လို့ စစ်တမ်းက တွေ့ရတာဖြစ်ပါတယ်။


    Doug Hawkins ဆိုတဲ့ သုတေသနသမားကတော့ စိုက်ပျိုးမှုနဲ့ ခြွေလှေ့နေမှုကို ပုံစံပြောင်းနိုင်မယ်ဆိုရင် လိုအပ်တဲ့ အပူချိန်ကို ထိန်းညှိပေးနိုင်မယ်ဆိုရင်တော့ ကိုကိုးပင်တွေ နလံပြန်ထူလာနိုင်မှာဖြစ်ပြီး စိုက်ပျိုးရေးသိပ္ပံပိုင်းက များစွာသော အကူအညီလိုနေတယ်လို့ သူကပြောပါတယ်။အိုင်ဗရီကို့စ်လို ကိုကိုး အထွက်ဆုံးနိုင်ငံကနေ စတင်လုပ်ဆောင်သင့်တယ်လို့ ပြောကြားရတယ်။လက်ရှိ ကျန်ရှိနေတဲ့ အပင်တွေက ထပ်မံထုတ်နိုင်ရင် တန် 100000 လောက်သာ ရှိတယ်လို့ သိရပါတယ်။
     

Share This Page