အအေးဗူးတွေ သောက်တော့မယ်ဆို လုပ်သင့်တဲ့အရာများ

Discussion in 'General Knowledge' started by Han Nway La, Dec 6, 2017.

Tags:
  1. Han Nway La

    Han Nway La Member

    အအေးဗူးတွေကို ဈေး၊စူပါမားကတ်က ဝယ်လာတဲ့အခါ ရေခဲသေတ္တာထဲထည့်ပြီး အေးတဲ့အခါ ဖောက်သောက်လိုက်ကြတာဖြစ်ပါတယ်။တကယ်တော့ ဒီလို အလွယ်တကူလုပ်တာ အရမ်းအန္တရာယ်များပြီး ကျန်းမာရေးကို ထိခိုက်နိုင်ပါတယ်။အမှန်ကတော့ အအေးဗူးကို ဝယ်လာပြီဆိုတာနဲ့ ရေနဲ့ ဆပ်ပြာနဲ့ ဆေးကြောသင့်ပါတယ်။ဘာလို့လဲ ဆိုတော့ ဒီအအေးဟာ ဆိုင်မှာ ဖုန်နဲ့ အညစ်အကြေးတွေ ပေကျံတာမျိုး သင်တွေ့ဖူးပါလိမ့်မယ်။

    [​IMG]

    ရောင်းတဲ့သူကလဲ ဒါကို ဆေးမှာ မဟုတ်ပါဘူး။အဝတ်ကလေးနဲ့ ပွတ်တိုက်ပြီး ပြန်တင်ထားမှာ ဖြစ်ပါတယ်။အိမ်ရောက်မှာ ဆေးရမှာဖြစ်ပါတယ်။ပြီးရင်တော့ အဝတ်သန့်နဲ့ သုတ်ပြီးမှ ရေခဲသေတ္တာထဲ ထည့်ပြီး သောက်ရမှာပါ။ဖုန်နဲ့ အညစ်ကြေးက အဆုတ်၊အစာအိမိ၊လည်ချောင်းပြွန်ကို ကောင်းကောင်း ဒုက္ခပေးပြီး အသက်ပါ ဆုံးတဲ့အထိ ဖြစ်တတ်တာဖြစ်ပါတယ်။ဒီအအေးဗူးတွေရဲ့ ဖောက်တံအောက်ကိုလဲ ဂရုတစိုက် သန့်ရှင်းသင့်ပါတယ်။ပြီးတော့ ဒီကလစ်လေးတွေဟာ ခြေတု လက်တုလုပ်ရာ ပြန်လည်အသုံးပြူနိုင်တာမို့ စုဆောင်းထားပြီး အခွံတွေကိုတော့ စိမ်းလန်းရေးအတွက် ပြန်လည်အသုံးပြုနိုင်တဲ့ နေရာမှာ စွန့်ပစ်ရမှာဖြစ်ပါတယ်။

    [​IMG]
     

Share This Page