အသက် 2 နှစ်ကစပြီး ဆေးလိပ်ကို အဆက်မပြတ်သောက်ခဲ့တဲ့ ကလေးငယ်

Discussion in 'General Knowledge' started by Han Nway La, Jan 3, 2018.

Tags:
  1. Han Nway La

    Han Nway La Member

    Aldi Rizal ဆိုတဲ့ ကလေးဟာ 2 နှစ်သားအရွယ်က စပြီး ထူးဆန်းတဲ့အပြုအမူတွေကို စတင်လုပ်လာခဲ့ပါတယ်။သူလုပ်တဲ့အရာတွေ သူပြောတဲ့ စကားတွေဟာ လူကြီးတစ်ဦးနဲ့ ပိုတူပြီး သူ့အရွယ်နဲ့ မဖြစ်နိုင်တာတွေသာ ပြောဆိုနေခဲ့တာဖြစ်ပါတယ်။

    [​IMG]
    မြန်မာပြည်မှာဆိုရင်တော့ သူ့ကို လူဝင်စားလို့ ခေါ်မှာပါ။သူဟာ အသက် 2 နှစ်အရွယ်မှာ ဆေးလိပ်စသောက်နေပါပြီ။စီးကရက် ကြိုက်နှစ်သက်သူတစ်ဦးဖြစ်ပါတယ်။စီးကရက်ကို ဘယ်လောက်ကြိုက်လဲဆိုရင် သာမာန် လူကြီးတစ်ယောက်ထက် ပိုကြိုက်ပါတယ်။

    [​IMG]
    သူဟာ တရက်ကို အလိပ် 40 လောက် သောက်တာဖြစ်ပါတယ်။သူဟာ အခုဆို အသက် 8 နှစ် ရှိပြီဖြစ်ပြီး သူ့ဆေးလိပ်သောက်သက်ဟာ 6 နှစ်ရှိပြီဖြစ်ပါတယ်။ chain-smoker ဆိုတဲ့အတိုင်း သူဟာ ဆေးလိပ်အဆက်မပြတ်သောက်သူပါ။

    [​IMG]
    သူဟာ ဆေးလိပ်ပဲ သောက်နေတာလားဆိုတော့ မဟုတ်ပါဘူး။မကျန်းမာနိုင်တဲ့အစားအစာတွေ အကုန်
    စားပါတယ်။အချိုကဲလွန်းတဲ့အရာတွေကို သူအကြိုက်ဆုံးပါပဲ။ပထမတော့ မိဘတွေက ဆေးလိပ်မတိုက်ပါဘူး။မရရင် အော်ကြီးဟစ်ကျယ်အသေသောင်းကျန်းရာကနေ ငြိမ်အောင် ထားပေးရင်း တားမရဖြစ်ခဲ့ပါတယ်။ဒါတွေဟာ သူ့အတွက် ကြီးမားတဲ့ ဆိုးကျိုးတွေ ဖြစ်လာပြီး တနှစ်ကို 56 ပေါင်ဆီတိုးလာတာဖြစ်ပါတယ်။ဆေးရုံလဲ တက်ရပြီး နှလုံးရော အဆုတ်ရော ကောင်းမွန်မှုမရှိဘူးလို့ သိရပါတယ်။

    [​IMG]
    လက်ရှိမှာတော့ သူဟာ အစာကို မျှတအောင် စားပြီး ဆေးလိပ်ကို အချိန်ခြားသောက်ရင်း ဖြတ်ခဲ့ပါတယ်။သူ့အတွက် သူ ကယ်တင်ရင်း သူ့မိသားစုရဲ့ ဆေးကုသစရိတ်ကို သူ့ကြောင့် ဝန်မပိအောင် ဆင်ခြင်ခဲ့နိုင်တယ်လို့ သိရပါတယ်။
     

Share This Page