အက်ီၤမွာ ဂျိုင်းလိမ်းတောင့်ကြောင့်ဖြစ်တဲ့ အဖြူကွက်နဲ့ မဲတာတွေ ဖယ်ရှားနည်း ၇ နည်း

Discussion in 'General Knowledge' started by Yin Nyein, Dec 13, 2017.

  1. Yin Nyein

    Yin Nyein Member

    တခါတလေမှာ ဂျိုင်းချွေးထွက်လွန်းသူတွေအနေနဲ့ ဂျိုင်းလိမ်းတောင့်မသုံးတဲ့အခါ ဂျိုင်းနေရာက မဲနေတာ မြင်နေရပါတယ်။အဲ့လိုမှမဟုတ်ပဲ ဂျိုင်းလိမ်းတောင့်သုံးတဲ့အခါမှာလည်း အဖြူကွက်မျိုး အကျီင်္ရဲ့ ဂှိုင်းနေ၇ာမှာ စွန်းထင်းနေတတ်ပါတယ်။ဒါကို အလွယ်ဆုံး ဖယ်ရှားဖို့ နည်းလမ်းတွေ ဖော်ပြအပေးလိုက်ပါတယ်။

    [​IMG]
    7. ဆား

    ဆားကို အဖြူကွက် အမဲကွက်တွေပေါ်တင်ပေးထားမယ်ဆိုရင် အကျီ်က ချည်မျှင်တွေကို မူလအရောင်ပြန်ရအောင် လုပ်ပေးမှာဖြစ်ပါတယ်။ဆားနဲ့ အဝတ်ထည်ကို ပွတ်ပြီး တညလောက်ထားမယ်ဆိုရင် လုံလောက်တာမို့ အစွန်းချွတ်ဆေးလို အသုံးပြုနိုင်ပါတယ်။


    6. ရှာလကာရည်

    ရှာလကာရည်ဟာ သဘာဝအက်ဆစ်ပျော့တစ်မျိုးဖြစ်လို့ သူဟာ ချည်မျှင်တွေကို အကောင်းဆုံးအစွန်းအထင်းချွတ်ပေးနိုင်တဲ့ အရာတခုဖြစ်ပါတယ်။ရှာလကာရည်နဲ့ ပွတ်ပြီး သုံးနာရီလောက်အကြာမှာ အဝတ်ကို လျှော်သင့်ပါတယ်။ကြာကြာထားမယ်ဆိုရင် အဝါရောင်ဘက်ကို ပြောင်းလဲသွားတတ်ပါတယ်။


    5. သံပရာရည်

    ရှာလကာရည်လိုပဲ သံပရာဟာ အက်စစ်ဓာတ်ပါတာမို့ အစွန်းအထင်းချွတ်တဲ့အခါ အဝတ်အထည်တွေကို ပင်ကို အရာင်ပြန်ရအောင် ပြန်ကူညီနိုင်ပါတယ်။5 မိနစ် နဲက 10 မိနစ် အတွင်း သံပရာရည်ကို ကောင်းကောင်းပွတ်ပေးမယ်ဆိုရင် အစွန်းအထင်ကို အလွယ်တကူ ကျွတ်စေပါတယ်။တချို့က အကျီင်္အဖြူကို စိမ်တဲ့အခါ သံပရာသီး ထည့်စိမ်လေ့ရှိပြီး အရောင် ဝါကျင်ခြင်းကနေ ကာကွယ်ပြီး အစွန်းအကွက်တွေ ဖယ်ရှားပေးနိုင်ပါတယ်။


    4. ပန်းကန်ဆေး ဆပ်ပြာရည်

    ပန်းကန်ဆေးဆပ်ပြာဆီဟာ အဝတ်အထည်တွေနဲ့ ဂျိုင်းရဲ့ အစွန်းအကွက်နေရာကို ပုံပေးပြီး နာရီဝက်လောက် ကြာမျွှ လျှော်ဖွပ်မယ်ဆိုရင် အစွန်းအထင်းကျွတ်နိုင်ပါတယ်။သူဟာ ပန်းကန်တွေရဲ့ ဆီတွေကိုသာမက ချွေးနဲ့ ဂျိုင်းလိမ်းတောင့်တို့ကြောင့် ဖြစ်တဲ့ အစွန်းကွက်တွေကို ဖယ်ရှားနိုင်ပါတယ်။

    3. Vodka

    ဗော့ဒ်ကာအရက်ဟာ အစွန်းအထင်းအတွက်လဲ အရောင်ချွတ်ဆေးလို အသုံးပြုနိုင်ပါတယ်။မိနစ်အနည်းငယ်ပွတ်တိုက်ပေးရုံနဲ့ အစွန်းအထင်းတွေကို ပျောက်ကင်းစေနိုင်ပါတယ်။


    2. အမိုးနီးယား အရည်

    အမိုးနီးယား အရည်ဟာ အဝတ်အထည်တွေအတွက် အကောင်းမွန်ဆုံး အစွန်းအကွက်တွေကို ဖယ်ရှားပေးနိုင်ပြီး ရေရဲ့ ညစ်ညမ်မးမှုကိုပါ လျှော့ချပေးနိုင်ပြီး အဝတ်အထည်ကို ဖြူစင်စေပါတယ်။

    ရေနဲက အမိုးနီးယားကို 50% ကျ အချိုးကျပေါင်းစပ်ပြီး အဝတ်အထည်ကို စိမ်ထားပေးရမှာဖြစ်ပါတယ်။

    အမိုးနီးယားဟာ အဝတ်အထည်ရဲ့ အနံ့ဆိုးထွက်စေတဲ့ ဘက်တီးရီးယားတွေကို သတ်ပေူးနိုင်တဲ့အပြင် ခြောက်သွေ့နေတဲ့ သွေးကွက်တွေကိုပါ ရှင်းလင်းဖယ်ရှားနိုင်ပါတယ်။


    1. ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ်၊မုန့်ဖုတ်ဆိုဒါ၊ပန်းကန်ဆေးဆပ်ပြာတို့ ပေါင်းစပ်မှု


    အဝတ်အထည်မှာရှိတဲ့ မကောင်းတဲ့အနံ့အသက်နဲ့ အစွန်းကွက်တွေဖယ်ရှားဖို့ဆိုရင် ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ် လက်ဖက်ရည်ဇွန်း ၄ ဇွန်း၊အဝတ်လျှော် ဆပ်ပြာဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း နဲ့ မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်း ၂ ဇွန်းတို့ ပေါင်းစပ်ဖျော်ပြီး အစွန်းအထင်းနေရာကို ပုံထားပေးတာ အဝတ်အထည် ထည့်စိမ်တာလုပ်ရင် အစွန်းအကွက်နဲ့ အနံ့ဆိုးတွေ ပျောက်စေပါတယ်။
     

Share This Page