မျက်မှန်တွေရဲ့ သမိုင်းအစကနေ ယနေ့ခေတ်အထိရေစီးကြောင်း

Discussion in 'General Knowledge' started by Zar Ni Nyein Tun, Dec 21, 2017.

Tags:
  1. Zar Ni Nyein Tun

    Zar Ni Nyein Tun Administrator Staff Member

    မျက်မှန်ဆိုတဲ့ မျက်လုံးအထောက်အကူပြုပစ္စည်းက 1268 ခုနှစ်နဲ့ 1289 ကြားမှာ အီတလီမှာ စတင်လုပ်ခဲ့တာဖြစ်ပါတယ်။အဆိုပါ ကမ္ဘာ့အစောဆုံးမျက်မှန်ကို ဘုန်းကြီးတွေနဲ့ ကျောင်းသားတွေသာ တပ်ခွင့်ရှိပြီး ကျန်တွေသူတွေ တပ်ဖို့အခွင့်အရေးနည်းပါတယ်။1452 မှာတော့ မျက်မှန်က တျွင်တွင်ကျယ်ကျယ်ထုတ်လာပြီး လူတန်းစားတော်တော်များများ တပ်ခွင့်ရနေပါပြီ။အချိုးကျအောင် ပြင်ဆင်လာကျသလို ဈေးလဲကြီးလာပါတယ်။
    [​IMG]
    1700 ခုနှစ်ထဲမှာတော့ Benjamin Franklin ရဲ့ ဒီဇိုင်းပုံစံတွေသာ 1800 ပြည့်အထိ ခေတ်စားခဲ့ပါတယ်။
    ဒီလိုပဲ အရင်က မျက်မှန်ဒီဇိုင်းတွေဟာ ခေါင်းဆောင်တွေ ဝတ်တဲ့ပုံစံကို လိုက်ဝတ်တာဖြစ်တဲ့အတွက် ပုံစံတမျိုးထဲသာ နာမည်ကြီးလေ့ရှိပါတယ်။ဂျော့ဝါရှင်တန်တို့ နပိုလီယံတို့ ဒီဇိုင်းမထုတ်ချင်သူက အဲ့ခေတ်က ခပ်ရှားရှားလို့ ဆိုရမှာပါ။
    [​IMG]
    1800 ကျော်လာတဲ့အခါ မျက်မှန်ရဲ့ ဒီဇိုင်းဟာ ခေတ်ဟောင်းကို ဆန့်ကျင်လာပါတယ်။ပုံစံကူးပြောင်းဖို့ မရဲတရဲတိုးနေပြီး သူ့ရဲ့ အဝိုင်းသေးသေးလေး ဘဝကို စိတ်နာလာပါပြီ။ပြင်သစ်က ထုတ်လိုက်တဲ့ စပလိန်ပါပြီး ခေါက်သိမ်းလို့ရတဲ့ ကိုင်းနဲ့ မျက်မှန်ကစပြီး ပုံစံတွေ သိသိသာသာပြောင်းလာပါတယ်။
    1900 ပြည့်နှစ်မှာတော့ လေးထောင့်၊ဘဲဥပုံ၊အဝိုင်းအပြင် နေကာမျက်မှန်တွေက ဟောလိဝုဒ်တွေဆီ ဒီဇိုင်းအမျိုးမျိုးနဲ့ရောက်လာပြီး သူတို့ တွင်တွင်ကျယ်ကျယ်ဝတ်ဆင်ရာကနေ တကမ္ဘာလုံးပျံ့နှံ့သွားပါတယ်။
    2000 ပြည့်နှစ်ကနေ အခုထိကတော့ ပြောစရာမလိုအောင် ဒီဇိုင်းရော နည်းပညာပါပေါင်းစပ်ပြီး ထွက်လာတဲ့ မျက်မှန်တွေဟာ အံ့မခန်းအခြေအနေပါပဲ။
    [​IMG]
     

Share This Page