ဘီလ်ဂိတ်

Discussion in 'General Knowledge' started by Zar Ni Nyein Tun, Nov 24, 2017.

  1. Zar Ni Nyein Tun

    Zar Ni Nyein Tun Administrator Staff Member

    အမေရိကန်နိုင်ငံမှ ကမ္ဘာကျော်စီးပွားရေးလုပ်ငန်ရှင်ကြီး ဘီလ်ဂိတ်ကို 1995 ခုနှစ်၊အောက်တိုဘာလ 28မှာ မွေးဖွားခဲ့ပါတယ်။

    ဝီလျှံ ဟင်နရီ ဘီလ်ဂိတ်ဟာ အမေရိကန်ရဲ့သြဇာအကြီးမားဆုံးသော လုပ်ငန်းရှင်ဖြစ်ရုံသာမက၊အရက်ရောဆုံးသော ပေးကမ်းလှူဒါန်းသူ၊ရင်းနှီးမြုပ်နှံမှု အမှားသူတစ်ဦးအဖြစ်လည်းကောင်း၊ကွန်ပြူတာပရိုဂရမ်ရေးဆွဲအဖြစ် လည်းကောင်း၊တီထွင်သူအဖြစ်လည်းကောင်း ကဏ္ဍပေါင်းစုံမှာ တွေ့မြင်ခဲ့ရသူပါ။


    ဂိတ်ဟာ ကမ္ဘာ့အကြီးဆုံး PC ဆော့လ်ဝဲလ်ကုမ္မဏီကို ပေါလ်အလန်နဲ့အတူ စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပါတယ်။2014 မေလမှာတော့ Microsoft ရဲ့ ရှယ်ယာအများဆု့းပိုင်ဆိုင်သူတစ်ယောက်အနေနဲ့ ရပ်တည်ခဲ့ပြီး CEO နှင့် Microsoft စီမံဖန်တီးသူအနေနှင့်ပါ ဥက္ကဌရာထူးဖြင့် ဆက်လက်လုပ်ကိုင်လျက်ရှိပါတယ်။


    ဂိတ်ရဲ့စာအုပ်နှင့် စာအုပ်ပါ အကြောင်းအရာအချို့ အကျဉ်းချုံးဖော်ပြခြင်းသာ….(Wikipedia)


    ယနေ့ကမ္ဘာပေါ်မှာ PC ရဲ့တိုးတက်ပြီးသားအခြေအနေကို အားလုံးသိ၇ှိပြီးသားဖြစ်မှာပါ။

    ဆက်သွယ်ရေးမှာ အံ့သြသင့်ဖွယ်ရာတိုးတက်မှုနဲ့အတူ အချိန်တိုအတွင်းမှာ ပူးပေါင်းဆောင်ရွက်လုပ်ကိုင်နိုင်ခြင်းပဲဖြစ်ပါတယ်။

    လူမှုကွန်ယက်အပြင် ဖျော်ဖြေမှုတွေနဲအတူ သတင်းအချက်များသာမက နယ်ပယ်ရပ်အသီးသီးမှ လူပေါင်းစုံရဲ့အသံကို ကြားနိုင်ခဲ့ပြီးဖြစ်ပါတယ်။


    အင်တာနက်ဟာ လေးဘက်လေးတန် ဝေးကွာနေတဲ့မြို့ပြတွေကို ရွာအဖြစ်စုပေါင်းပေးလိုက်ခြင်းဖြစ်ပါတယ်။

    [​IMG]
    ကြောက်ဖွယ်ရာပြဿနာကို ပြောင်းလဲသွားစေတဲ့အခြေအနေတစ်ခုဖြစ်ပြီး တိကျသေချာတဲ့ဖြေရှင်းနည်းဟာ လူတိုင်းအတွက်လိုအပ်နေဆဲပါပဲ။

    ဒါကြောင့် ဒီဖြေရှင်းနည်းဟာ လက်တွေ့ဘဝမှာ အကြီးမားဆုံး ဦးစားပေးအနေနှင့်ရပ်တည်နေတဲ့အလျောက် အထိုက်တန်ဆုံးအောင်မြမင်မှုကို ရထားခြင်းလည်းဖြစ်ပါတယ်။


    နည်းပညာရပ်တိုင်းရဲ့ အခြေခံမူဝါဒကတော့ စီးပွားရေးမှာ လူအစားထိုးစက်ပစ္စည်းအသုံးပြုနိုင်ရေးနဲ့ အချိန်တိုအတွင်းမှာ အကျိုးအမြတ်များများရနိုင်ဖို့ကို ရည်ရွယ်ခြင်းဖြစ်ပါတယ်။

    ဆန့်ကျင်ဘက်တစ်ခုအနေနဲ့ပြောရရင် လူအစားထိုးစက်ပစ္စည်းထောက်ပံ့ပေးနိုင်မှုနည်းလေလေ အချိန်တိုအတွင်းလုပ်ကိုင်နိုင်မှုနရှိပဲ လုပ်ငန်းမတွင်ကျယ်မှုတွေ ကြုံတွေ့လာနိုင်ပါတယ်။

    [​IMG]
    ဆက်သွယ်ရေးကို တိုးမြှင့်ပေးနိုင်တဲ့ကိရိယာတွေက အကြီးမားဆုံးသော အကျိုးကျေးဇူးကို ရလာမယ်လို့ ကျွန်တော် ယုံကြည်ထားသူတစ်ယောက်ပါ……

    လူတစ်ယောက်က အခြားလူတစ်ယောက်ကို ဘာတွေသင်ကြားပေးနိုင်မလဲ။ပြီးတော့ သူတို့ဟာ ဘယ်လိုလွတ်လပ်မှုမျိုးကိုရချင်လဲ။ဘယ်လို စိတ်ဝင်စားမှုတွေရှိလဲ….ဒါတွေဟာ အရာအားလုံးပေါင်းဆုံဆက်သွယ်နိုင်တဲ့နေရာမှာ ရှိကြလိမ့်မယ်။

    - ဘီလ်ဂိတ် -


    ခက်ခဲတဲ့အလုပ်တစ်ခု လုပ်ရတော့မယ်ဆိုရင် ကျွန်တော်က ငပျင်းတစ်ယောက်ကို ရှာပြီးခိုင်းတတ်တယ်။

    ဘာလို့လဲဆိုတော့….သူတို့က ပျင်းတဲ့အတွက် အလွယ်ဆုံးနဲ့ အသက်သာဆုံးနည်းလမ်းကို အမြန်ဆုံးရှာတွေ့တတ်ကြတယ်……

    - ဘီလ်ဂိတ် -


    အရာအားလုံး ပြန်လည်စတင်ဖို့ အခွင့်အရေးပေးမယ်ဆိုရင် ကွန်တော် NETWORK MARKETING ကို ရွေးခြယ်မိမှာပါ…..။


    ` - ဘီလ်ဂိတ် -


    စာမေးပွဲမှာ တချို့ဘာသာရပ်တွေကို ကျွန်တော် အမြဲတမ်းကျတယ်။ဒါပေမယ့် ကျွန်တော့် သူငယ်ချင်းကတော့ ဘာသာစုံအောင်တယ်။အခု သူက Microsoft မှာအင်ဂျင်နီယာလုပ်နေပြီး ကျွန်တော်က Microsoft ပိုင်ရှင်ဖြစ်နေပြီလေ…..။


    - ဘီလ်ဂိတ် -

    ဆင်းဆင်းရဲရဲ မွေးဖွားလာတာ မင်းအမှားမဟုတ်ဘူး။ဆင်းဆင်းရဲရဲသေသွားရင်သာ မင်းအမှားဖြစ်သွားပြီ။

    - ဘီလ်ဂိတ် -


    ကလေးဘဝတုန်း ကျွန်တော့်မှာ စိတ်ကူးယဉ်အိပ်မက်တချို့ရှိတယ်။

    စာဖတ်ဖို့အခွင့်အရေးရလာတဲ့အခါမှာတော့ ဒီဝိုးတဝါး မီးခိုးရောင်အိပ်မက်တွေက ပြင်ပမှာတကယ်ဖြစ်လာနိုင်တယ်ဆိုတာကို တွေးမိလာတာပဲ…..။

    - ဘီလ်ဂိတ် -
     

Share This Page