စိတ်ဖောက်ပြန်ပြီး လူပေါင်းများစွာကို ရက်ရက်စက်စက်သတ်ခဲ့တဲ့ ကြောက်စရာအကောင်းဆုံး စိတ္တဇလူသတ်သမားများ

Discussion in 'General Knowledge' started by Zar Ni Nyein Tun, Feb 5, 2018.

  1. Zar Ni Nyein Tun

    Zar Ni Nyein Tun Administrator Staff Member

    1. The Zodiac Killer

    12 လ ရာသီခွင် လူသတ်သမားဆိုတဲ့ စိတ္တဇအမျိုးသားဟာ သူ မသတ်ခင်နဲ့ အချိန်မှာနဲ့ သတ်ပြီးတဲ့အချိန်မှာ ဝှက်စာတွေ ထားခဲ့တတ်ပါတယ်။သူ့ရဲ့ လူသတ်တဲ့ မူပါပဲ။သူနောက်ဆုံးသတ်ခဲ့တာကတော့ 1960 ခုနှစ် နဲ့ 1970 ခုနှစ်ကြားမှာဖြစ်ပြီး သူ့ရဲ့ နောက်ဆုံးဝှက်စာကတော့ Me- 37 and SFPD ဆိုပြီး ဖြစ်ပါတယ်။SFPD ကတော့ (San Francisco Police Dept.) ဆိုတဲ့ ရဲဌာနဖြစ်ပြီး Me-37 ကတော့ သူဟာ 37 ယောက် သတ်ခဲ့ပြီးပေမယ့် ရဲဌာနက 7 ယောက်ပဲ သတင်းစာမှာ ဖော်ပြထားတဲ့အတွက် ဒီစာတိုပေးပို့ ခြင်းဖြစ်ပါတယ်။
    [​IMG]

    2. Donald Henry Gaskins

    Donald Henry Gaskins ဟာ လူပေါင်း 80 ကနေ 90 ထိ သတ်ခဲ့တာဖြစ်ပါတယ်။သူ လူစတင်သတ်တာ 1969 ခုနှစ်က ဖြစ်ပြီး သူဟာ ဟိုင်းဝေးလမ်းမတွေမှာ ကားတားစီးပြီး ဒီကားထဲက လူတွေကို သတ်တာဖြစ်ပါတယ်။သူဟာ လူငယ်နှစ်ဦးကို သတ်ပြီးထဲက သူ့ကိုယ်သူ ယုံကြည်ချက်ပိုရှိခဲ့ပြီး နောက်ပိုင်း လူတွေ ဆက်တိုက်သတ်တာဖြစ်ပါတယ်။
    [​IMG]

    3. Tsutomu Miyazaki


    Tsutomu Miyazaki ဆိုတာ သွေးစုပ်ဖုတ်ကောင်လို့ နာမည်ကြီးပါတယ်။သူဟာ မြှီးကောင်ပေါက် မိန်းကလေးတွေကို လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်တာနဲ့ သွေးကို သောက်ပြီး လူသားပါ စားပစ်တာမျိုးလုပ်ပါတယ်။သူဟာ စိတ်ဒဏ်ရာ တခုကြောင့် ဒီလို ရူးနမ်းတဲ့အပြုအမူတွေကို လုပ်တာဖြစ်ပြီး စိတ်ရောဂါသယ်ဖြစ်တယ်လို့ ဆိုပါတယ်။သူ့ အဖေကတော့ 2008 ခုနှစ်မှာ Miyazaki ဟာ ကိုယ့်ကိုယ့်ကိုသတ်သေသွားကြောင်း အတည်ပြုပြောကြားခဲ့ပြီး သေတဲ့အချိန်မှာ သူ့အသက် 45 နှစ်ရှိခဲ့ပါပြီ။
    [​IMG]

    4. Ted Bundy


    Ted Bundy ဟာ အမေရိကန် စိတ္တဇ လူသတ်သမားတစ်ဦးဖြစ်သလို၊ပြန်ပေးသမား၊မုဒိန်းသမားဖြစ်ပါတယ်။သူဟာ အမေရိကန်ရဲ့ ပြည်နယ်အရပ်ရပ်က အမျိုးသမီး 30 လောက်ကို သတ်ခဲ့တာဖြစ်ပြီး ဒီအမျိုးသမီးတွေဆီက လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခဲ့ပါတယ်။သူဟာ ကြောက်မက်ဖွယ်ရာ စိတ်ဖောက်ပြန်နေသူဖြစ်ပြီး သူ့အသက် 42 နှစ်မှာ လျှပ်စစ်ကုလားထိုင်နဲ့ အဆုံးစီရင်ခဲ့ပါတယ်။
    [​IMG]

    5. Jack the Ripper


    Jack the Ripper ဆိုတဲ့ လူသတ်သမားကိုတော့ ရဲက 1888 ခုနှစ် ကနေ 91 ခုနှစ်အတွင်း အလိုရှိသည်လို့ ကြေငြာခဲ့ပေမယ့် ဖမ်းမိ မမိမသေချာခဲ့တဲ့ စိတ္တဇလူသတ်သမားအမျိုးသမီးဖြစ်ပါတယ်။သူဟာ လူတွေကို ဆာဂျရီပြုလုပ်ဖို့ ရည်ရွယ်ချက်နဲ့ ဖမ်းပြီး စမ်းသပ်ခဲ့တာဖြစ်ပါတယ်။

    [​IMG]
    6. Luis Garavito


    Luis Garavito ဟာ လူငယ်ပေါင်း 147 ယောက်ကို မုဒိန်းကျင့်ခဲ့သူဖြစ်ပါတယ်။သူဟာ ရက်စက်ကြမ်းကြုတ်သူဖြစ်ပြီး ယောက်ျားငယ်လေးတွေကို ခွန်အားသုံးကာ အဓမ္မကျင့်ခဲ့သူဖြစ်ပါတယ်။တကယ်က သူဟာ လူပေါင်း 300 ကျော်ကို ဒီလိုပြုခဲ့တယ်လို့ သိရပါတယ်။သူဟာ ကိုလံဘီယာ နိုင်ငံသားဖြစ်ပြီး သူတို့ဆီမှာ အများဆုံးပြစ်ဒဏ်ဟာ နှစ် 30 သာရှိတဲ့အတွက် သူဟာ ပြန်လွှတ်ခဲ့ပါတယ်။
    [​IMG]

    7. Ahmad Suradji


    Ahmad Suradji ဟာ အင်ဒိုနီးရှားနိုင်ငံသားဖြစ်ပြီး 1986 ခုနှစ်ကနေ 1997 ခုနှစ်အတွင်း အမျိုးသမီး 42 ယောက်ကို သတ်ဖြတ်ခဲ့ပါတယ်။ဒီအမျိုးသမီးတွေရဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်းတွေကို ကြံခင်းထဲမှာတွေ့ရပြီး အမျိုးသမီးတွေကို သတ်ခြင်းက သူ့ကို စွမ်းအားပိုမိုတိုးစေတယ်လို့ ပြောပါတယ်။သူ့ကို 2008 ခုနှစ်မှာတော့ သေဒဏ်ပေးခဲ့ပါတယ်။

    [​IMG]

    8. Alexander Pichushkin


    Alexander Pichushkin ဆိုတာ ရုရှားနိုင်ငံသားဖြစ်ပြီး သူဟာ အိမ်ရာမဲ့တွေကို ပစ်မှတ်ထားကာ သတ်ခဲ့တာဖြစ်ပါတယ်။သူ့အိမ်ကို ဗော့ကာသောက်ဖို့ အလည်ခေါ်ရင်း သတ်ခဲ့ပါတယ်။သူဟာ လူပေါင်း 49 ကို သတ်ပြီး ချက်ထိုးတဲ့ ခုံက အရုပ်လေးတွေလုပ်ဖို့ ဦးခေါင်းခွံတွေယူခဲ့တာဖြစ်ပါတယ်။1992 ခုနှစ်မှာ လူ 53 ယောက်သတ်အပြီးမှာ သူ့ကို ဖမ်းမိခဲ့ပါတယ်။သူဟာ လူ 64 ယောက်ကို သတ်ဖို့ အစီအစဉ်ရှိခဲ့တာဖြစ်ပါတယ်။
    [​IMG]

    9. Andrei Chikatilo


    Andrei Chikatilo ကို အကြောင်းမဲ့ရက်ရက်စက်စက်သတ်သူလို့သိကြတာဖြစ်ပါတယ်။သူဟာ ဓားကိုကိုင်မိရင် စိတ်လွတ်သွားပြီး ဖျက်ဆီးဖို့သာ တွေးမိသွားတာဖြစ်တယ်လို့ ပြောပါတယ်။သူ့ကို သဘာဝက အမှားလုပ်ဖို့သာ တိုက်တွန်းနေတယ်လို့ ဆိုပါတယ်။သူဟာ 1978 ခုနှစ်ကနေ 1990 အတွင်း အမျိုးသမီး 53 ယောက်ကို သတ်ခဲ့တာဖြစ်ပါတယ်။1992 ခုနှစ်မှာတော့ သူ့ကို ဖမ်းမိခဲ့ပြီး 1994 ခုနှစ်မှာ သူ့ကို သတ်ပစ်လိုက်ပါတယ်။
    [​IMG]

    10. Charles Edmund Cullen


    Charles Edmund Cullen ဟာ နာ့စ်တစ်ဦးဖြစ်ပြီး သူ့အလုပ်အကိုင်ဟာ မမြဲပါဘူး။အကြောင်းအရင်းကတော့ သူ စောင့်ရှောက်တဲ့ လူနာတွေ သေနေကြလို့ ဖြစ်ပါတယ်။သူဟာ အသက်ကြီးကြီး လူနာပေါင်း 40 ကျော်ကို သတ်ခဲ့တာဖြစ်ပြီး 1984 ကနေ 2003 ခုနှစ်အထိ သူ့ရဲ့ လုပ်ဆောင်ချက်တွေကို ဘယ်သူမှ မရိတ်မိခဲ့ပဲ နောက်မှ ဆေးထိုးသတ်လိုက်တဲ့ လူနာကြောင့် သူ့ကို ဖမ်းမိတာဖြစ်ပါတယ်။သူဟာ နတ်သမီးစောင့်နေတယ်လို့ ပြောပြီး ဆေးထိုးသတ်တဲ့ လူသတ်သမားဖြစ်ပါတယ်။
    [​IMG]
     

Share This Page