စမတ်ဖုန်းတွေက သင့်ကျန်းမာရေးကို ဘယ်လိုအကျိုးသက်ရောက်မှုရှိလဲ?

Discussion in 'Help with Your Health' started by Han Nway La, Jan 19, 2018.

  1. Han Nway La

    Han Nway La Member

    ဒီအရာတွေဟာ ဘယ်လိုနည်းနဲ့မဆို သင့်အနီးအနားမှာကြုံတွေ့ရမဲ့ အရာတွေချည်းပါပဲ။

    ဘယ်နေရာကိုပဲ သွားသွား၊လူတိုင်းနီးပါး စမတ်ဖုန်းသုံးနေတာ တွေ့ရပါလိမ့်မယ်။

    လုပ်ငန်းခွင်ပြင်ပဖြစ်တဲ့ အားကစားခန်းမမှာလား?

    မားကတ်တွေရဲ့ ငွေရှင်းကောင်တာမှာ တန်းစီနေချိန်တွေလား?

    ဘတ်စ်ကား စီး/စောင့်နေကြရင်းလား?....လက်ထဲက ဖုန်းကို ထုတ်ပြီး သုံးနေတဲ့လူတွေ အများကြီးပါပဲ။

    [​IMG]

    e-mail ထုတ်စစ်တာမျိုး၊သတင်းအချက်အလက်တွေအမြန်ဆုံးပေးပို့ချင်တဲံအခါမျိုးနဲ့ နေ့စဉ်အလုပ်တွေ မြန်မြန်ပြီးသွားဖို့ ဒါကို သုံးနေတာ သိပ်တော့အံ့သြစရာမရှိပါဘူး။

    တကယ်တော့ စမတ်ဖုန်းဟာ နေ့စဉ်လူနေမှုဘဝမှာ အကောင်းတွေချည်းပေးနေတာလားဆိုတာ ကွန်တော်တို့သိဖို့လိုလာပါပြီ။

    မဟုတ်ပါဘူး….ဆန့်ကျင်ဘက်အနေနဲ့ ကျွန်တော်တို့ရဲ့ကျန်းမာရေဒကို တနည်းအားဖြင့် တိုက်ခိုက်နေတာပါ။

    စမတ်ဖုန်းက တိုက်ခိုက်နေတဲ့ ကျွန်တော်တို့ကျန်းမာရေးပိုင်းက တစိတ်တစိတ်တဒေသကို ဖော်ပြပေးလိုက်ပါတယ်။


    Radiation(ရောင်ခြည်ဖြာထွက်ခြင်း)


    ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းဖြစ်တဲ့ WHO ရဲ့ ဆုံးဖြတ်ချက်အရ စမတ်ဖုန်းက ထွက်လာတဲ့ရောင်ခြည်လှိုင်းတွေဟာ လူသားတွေကို ကင်ဆာဖြစ်စေနိုင်ပါတဲံ အကြောင်းအရင်းတရပ်လို့ အတည်ပြုထားပါတယ်။

    အိပ်နေစဉ်မှာ ရုတ်တရက်သေဆုံးခြင်းမျိုးမဖြစ်အောင် အိပ်ရာထဲမှာ ဖုန်းသုံးတာကို ရှောင်ကြဉ်ဖို့နဲ့ ဖုန်းကို မိမိအိပ်မယ့် နေရာနဲ့ အနည်းဆုံး ခြောက်လက်မလောက် အဝေးမှာ ထားအိပ်ဖို့လိုအပ်ပါတယ်။


    Eyesight(အမြင်အာရုံပိုင်း)

    စမတ်ဖုန်းကို ကြာရှည်စွာ အသုံးပြုခြင်းက မျက်လုံးကသွေးကြောတွေကို ယောင်ယမ်းလာစေပြီး မျက်စိနာခြင်းနဲ့ ကြုံရတတ်ပါတယ်။

    ဒါ့အပြင် အမြင်အာရုံတွေ မှုံဝါးလာသမျိုးနဲ့ မျက်သားခြောက်ခြင်းတွေပါ ဖြစ်လာနိုင်ပါတယ်။

    စမတ်ဖုန်းသုံးတာများလေလေ သူ့ရဲ့အပိုဆုဖြစ်တဲ့ မျက်လုံးကို ခုခံနိုင်စွမ်း လျှော့နည်းလာလေလေဖြစ်ပြီး ဆိုးရွားတဲံ အန္တရယ်ကို ဖိတ်ခေါ်သလို ဖြစ်နေါ့လိမ့်မယ်။

    အထူးသဖြင့် အချိန်ကြာမြင့်စွာ စာရိုက်တာတွေနဲ့ Web တွေကြာရှည်စွာ ဝင်အသုံးပြုသူတွေမှာ ပိုကြုံတွေ့နိုင်ပါတယ်။


    Neck Pain(လည်ပင်း ကြွက်သား/အရိုးတွေ နာကျင်မှု)


    ဖုန်းကနေ စာရိုက်တဲ့အခါ ခေါင်းငုံ့ပြီး ဖုန်းကို ကြည့်ရိုက်ရပါတယ်။အဲံဒီအတွက် လည်ပင်းရိုးနဲ့ ကြွက်သားတွေဟာ အချိန်ကြာမြင့်စွာ ကွေးညွှတ်ပေးထားရတာမို့ အဆစ်အမြစ် ယောင်ယမ်းခြင်းဖြစ်စဉ်တွေ ဖြစ်ပေါ်လာစေပါတယ်။

    “Text Neck” လို့ ခေါ်တဲ့ ဒီလိုနာကျင်မှုတွေ မဖြစ်ပေါ်အောင် အတတ်နိုင်ဆုံးရှောင်ရှားသင့်ပါတယ်။

    သက်တောင့်သက်သာ ရှိတဲံ အနေအထာားမှာတောင် စာရိုက်မယ်ဆိုရင်တောင်မှ တံတောင်ဆစ်တွေ နာကျင်မှုတော့ အနည်းဆုံး ခံစားရတာပါပဲ။


    Stress(စိတ်ဖိစီးမှု)


    ဆက်သွယ်ရေးအတွက် အသုံးပြုနေတဲ့ ဒီစမတ်ဖုန်းဟာ သတင်းအချက်အလက်ပေါင်းစွာ လက်ခံရရှိနိုင်ပါတယ်။

    ဒီသတင်းအချက်တွေကို ဖတ်မိတဲ့သူဟာ စိတ်ခံစားမှုအမျိုးမျိုးကို ဖြစ်ပေါ်စေပါတယ်။

    ဒေါသထွက်ရတာ၊ပျော်ရွှင်ရတာ၊နာကျင်ရတာ၊ဝမ်းနည်းရတာတွေကို သတင်းတွေအတိုင်း စိတ်က ထုတ်လုပ်ပေးနေရတဲ့အတွက် လူကို ပိုပင်ပမ်းစေပါတယ်။

    ဒါကြောင့် သင်ဟာ ဖုန်းကို အချိန်းပိုင်းခြားပြီး တနေ့တာအတွက် အချိန်ဘယ်လောက်အသုံးပြုမယ်ဆိုတာကို ဇယားဆွဲထားသင့်ပါတယ်။

    တရက်လုံးမှာ 2 နာရီလောက်ပဲ အသုံးပြုမှာလား၊ဒါမှမဟုတ် တရက်လုံးသုံးမှာလား….တခုခုပေါ့။


    Sleep Quality (အိပ်စက်ခြင်းရဲ့ အရေအသွေး)


    LED အလင်းဟာ သင့်အရေပြားကို ခန္ဒာကိုယ်က အေ၇ပြားဖြစ်စဉ်တွေကို အနှောင့်အယှက်ပေးပြီး ညဘက်အိပ်မပျော်တဲံ ခံစားမှုမျိုးကို ရလာမှာဖြစ်ပါတယ်။

    အိပ်ခါနီးမှာ ဖုန်းသုံးတာကို ရှောင်ကြဉ်သင့်ပါတယ်။ပြီးတော့ သင်အိပ်စက်မယ့်နားမှာ ဖုန်းထားခဲံရင်တောင် Silent လုပ်ထားသ့်ပြီး တရေးနိုးတဲ့အချိန်မှာလဲ စာပို့တာတို့၊ဖုန်းခေါ်တာတို့၊E mail သုံးတာတို့ကို အတတ်နိုင်ဆုံးရှောင်ကြဉ်သင့်ပါတယ်။


    Germs & Baterias (မျိုးစေ့များပွားခြင်းနှင့် ဘက်တီးရီးယားများ)


    သင့်ဖုန်းကို နောက်ဆုံး ဘယ်အချိန်က သန့်ရှင်းရေးလုပ်ခဲ့လဲ….သင် မှတ်မိပါသလား?

    လေ့လာတွေ့ရှိချက်တခုမှာ အမျိုးမျိုးသော ဘက်တီးရီးယားတွေကို စမတ်ဖုန်းက တဆင့် တွေ့ရှိတယ်လို့ ဆိုထားပါတယ်။

    “coliform”လို့ ခေါ်တဲံ ဒီဘက်တီးရီးယားတွေဟာ အညစ်အကြေးရှိတဲံ ဘယ်နေရာမှာမဆို ပွားများလွယ်တတ်ကြပါတယ်။

    သူတို့မျိုးစေ့တွေကို လျှောချဖို့အတွက်ဆို သင့်ရဲ့ဖုန်းကို ပုံမှန်သန့်ရှင်းရေး လုပ်ပေးခြင်းက သူတို့ကို ပြန်လည်တိုက်ခိုက်တဲံ ဗျုဟာတစ်ခုပါပဲ။


    Weight Gain(ခန္ဒာကိုယ် အလေးချိန်တိုးလာခြင်း)


    စမတ်ဖုန်း အသုံးပြုခြင်းဟာ တီဗီကြည့်ခြင်းထက်တောင် ဆိုးပါတယ်။

    သင့်ရဲ့လှုပ်ရှားမှုတွေ ခန္ဒာကိုယ်လေ့ကျင့်ခန်းတွေ ဘာတစ်ခုမလုပ်နိုင်အောင် တနေရာထဲမှာ ထိုင်နေနိုင်အောင် ဆွဲဆောင်နိုင်ပါတယ်။

    အလေးချိန်တိုးခြင်းမှ ရှောင်ရှားဖို့အတွက် စမတ်ဖုန်းကို တရက်မှာ ဘယ်နှနာရီ လောက်သာ သုံးမယ်ဆိုပြီး အစီအစဉ်ဆွဲသင့်ပါတယ်။

    ဖုန်းက အစီတချိုကကို ထိုင်ကြည့်နေမယ့်အစား လမ်းလျှောက်တာဖြစ်ဖြစ်၊စက်ဘီးစီးတာဖြစ်ဖြစ် လုပ်သင့်ပါတယ်။


    Relationships(ပေါင်းသင်းဆက်ဆံရေး)


    အချို့လေ့လာတွေ့ရှိချက်များအရဆို လက်ထပ်ဖို့ ရည်ရွယ်ထားတဲ့သူ ရင်းနှီးဆုံးလူနျစ်ယောက်တောင်မှ သူတို့နဲ့ အတူ စမတ်ဖုန်းရှိနေတယ်ဆိုရင် သူတို့ချင်းစကားနည်းသွားကြပါတယ်။

    ပြီးတော့ သူတို့ကြားမှာ နွေးထွေးတဲ့ ဆက်ဆံရေးနည်းလာတယ်လို့ ထငိလာကြပြီး တယောက်နဲ့တယောက် ယုံကြည်မှုတွေ ပျောက်ဆုံးလာတတ်ပါတယ်။

    ဒါကြောင့် မိသားစုနဲ့ သူငယ်ချင်းတွေရဲ့ အသိုက်အမြုံအတွင်းမှာ ဖုန်းအသုံးပြုခြင်းကို နည်းနိုင်သမျှ နည်းအောင် လုပ်သင့်ပါတယ်။

    ဒါမှသာ နွေးထွေးကြင်နာတဲံ ပေါင်းသင်းဆက်ဆံရေးမျိုးတည်ဆောက်နိုင်မှာပါ။


    Distracted Driving (ယာဉ်မောင်းနေစဉ်အတွင်း စိတ်အနှောက်အယှက်ဖြစ်ခြင်း)


    ယာဉ်မောင်းနေတဲ့ အချိန်မှာ စိတ်အနှောက်အယှက်ဖြစ်စရာကြုံလာရင် ယာဉ်အန္တရာယ်ကာကွယ်ဖို့ နည်းလမ်းတွေ မေ့သွားတတ်ကြပါတယ်။

    နှစ်စဉ်နှစ်တိုင်းမှာ ယာဉ်မောင်နေစဉ် စမတ်ဖုန်းအသုံးပြုခြင်းကြောင် ယာဥင်္တိုက်မှုပေါင်းမြောက်မြားစွာ ဖြစ်နေဆဲပါပဲ။ဒါကြောင့် ယာဉ်မောင်းရှေ့က အံဆွဲထဲမှာ ဖုန်းကို ထည့်ပြီး ကားမောင်းခြင်းက သင်ရော သင့်မိသားစုအတွက်ပါ လုံခြုံစိတ်ချရစေပါတယ်။


    အကယ်၍ သင့်မှာ သားသမီးရှိတယ်ဆိုရင်လည်း ယာဉ်မောင်းနေစဉ်မှာ စိတ်အနှောက်အယှက်ဖြစ်စေနိုင်မယ့် အရာတွေကို ရှောင်ရှားတတ်ဖို့ သင်ပေးထားသင့်ပါတယ်။


    - စစ်တမ်း တချို့ကောက်ယူထားသော စမတ်ဖုန်းနှင့် ပတ်သက်သော အချက်အလက်များ -


    အမေရိကန်မှ အရွယ်ရောက်ပြီးသား လူတွေရဲ့ 55%ဟာ ကားမောင်းနေစဉ်မှာ ဖုန်းအသုံးပြုခဲံတယ်လို့ ဝန်ခံထားကြပါတယ်။


    67% နီးပါးလူတွေဟာ ဖုန်းမရှိပဲ အသက်မရှင်နိုင်ဘူးလို့ အတိအလင်းပြောကြပါတယ်။


    အမေရိကန်မှ အသက် 198နှစ်မှ 34နှစ်အတွင်းရှိသော လူ 20%ဟာ လိင်ဆက်ဆံနေစဉ်အချိန်အတွင်းမှာတောင် ဖုန်းကို အသုံးပြုနေကြတယ်လို့ မှတ်တမ်းအချို့က သိရပါတယ်။


    2012 မှာ စမတ်ဖုန်းတစ်လုံးရဲ့ Apps တွေကို Downloaded ဆွဲမှုဟာ 36% ထိ ရှိပါတယ်။


    တရက်မှာရှိတဲံ မိနစ်တော်တော်များများက ကိန်းဂဏာန်းတွေကို စမတ်ဖုန်းအသုံးပြုသူတွေဟာ သူတို့ စမတ်ဖုန်းကို ကြည့်ရင်း ကုန်လွန်သွားစေပါတယ်။

    ဒီလို အချိန်ကုန်သွားသူတွေကတော့ 128% ပင်ရှိကြပါတယ်။


    93% ခန့်သော စမတဆ်ဖုန်းအသုံးပြုသူတွေဟာ သူတို့ရဲ့ နေ့စဉ်လုပ်ငန်းဆောင်တာနဲ့ သတင်းအချက်အလက်တွေကို သူတို့ဖုန်းတစ်လုံးထဲကနေ နေ့စဉ်ပုံမှန် ရယူအသုံးပြုနေကြတာဖြစ်ပါတယ်။
     
  2. Kamplergy

    Kamplergy New Member

    You have hit the mark. I think, what is it excellent thought.


    If you beloved this article and you would like to obtain more info concerning Is the money line a good bet generously visit our web site
     

Share This Page