ဂျပန်မှာ ထုတ်ပြီး ပိတ်ခံလိုက်ရတဲ့ မုဒိန်းဇာတ်ကောင် ဂိမ်း၊ရေချိုး ချောင်းကြည့် ဂိမ်းနှင့် အခြားဂိမ်းမ

Discussion in 'General Knowledge' started by Han Nway La, Dec 26, 2017.

Tags:
  1. Han Nway La

    Han Nway La Member

    ဂျပန်ဟာ ထူးဆန်းတဲ့ နိုင်ငံဖြစ်ပြီး သူတို့ နိုင်ငံက တီထွင်မှုတွေအမြဲလုပ်နေတဲ့နိုင်ငံဖြစ်ပါတယ်။သူတို့ဟာ တခါတလေကျရင် ထူးဆန်းတဲ့ တီထွင်မှုတွေလုပ်တတ်ပြီး အခုလဲ ဂိမ်း programmers နဲ့ developers တွေ တီထွင်မှုဟာ ရှိလဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်။

    Hatoful Boyfriend

    လူတိုင်းဟာ ခိုလေးတွေကို ချစ်တတ်ကြပါတယ်။ဒီလိုပဲ အလုပ်သွား အလုပ်ပြန်မှာ ခိုအုပ်ကြီးတွေ့ရင် လိုက်ပြီး စ တတ်ပါတယ်။ခိုလေးတွေကို ဖမ်းသူလဲ နည်းပါတယ်။ဒီဂိမ်းမှာတော့ ခိုမွေးတာဖြစ်ပြီး ခိုကို ဒေါသထွက်လာရင် ရိုက်သတ်လို့ ရပါတယ်။နောက်ပြီးတော့ ခိုကို အိမ်ထောင်ချပေးတာတွေပါ လုပ်လို့ရပါတယ်။

    [​IMG]

    Creature To Koi Shiyo!

    To Koi Shiyo ဆိုတာ ယဉ်ကျေးမှုကို ချစ်တတ်ပါလို့ ပြောတာဖြစ်ပါတယ်။တကယ်တော့ နာမည်နဲ့ ဆန့်ကျင်ဘက်ဖြစ်အောင်ပါပဲ။ ဒီဂိမ်းမှာ Ichitarou ဆိုတဲ့ ကောင်လေးနဲ့ ဘေးအိမ်က Kokoro တို့ဟာ ကစားဖော်တွေဖြစ်ပြီး Ichitarou မရှိတဲ့ အချိန်မှာ သူ့အိမ်ကို သွားပြီး သူ့အမရဲ့ ထူးဆန်းဆန်းဝတ်စုံတွေ ဝတ်နေတာကို သွားကြည့်ရတာဖြစ်ပါတယ်။

    [​IMG]


    Doki Doki Majo Shinpan!

    Doki Doki Majo Shinpan! ဆိုတဲ့ ဂိမ်းဟာ ကောလိပ်ကျောင်းသူလေးတွေရဲ့ နောက်ပြောင်တဲ့ ဂိမ်းဖြစ်ပါတယ်။ကောင်လေးတွေကို ပုံစံအမျိုးမျိုးနဲ့လိုက်စရတာဖြစ်ပြီး တခါတလေ ညစ်ညစ်ညမ်းညမ်း စာရိုက်ပြီး ပြောရတာဖြစ်ပါတယ်။ဒီဂိမ်းကို နောက်ပိုင်းမှာ အပိတ်ခံရပြီး ဖမ်းဖို့ လုပ်ခဲ့တယ်လို့ သိရပါတယ်။

    [​IMG]

    Seaman
    Seamen ဆိုတာ သင်္ဘောသားလို့ပြောတာမဟုတ်ပါဘူး။ပင်လယ်ပုတ်သငင်လို သတ္တဝါကို လူခေါင်းတပ်ထားတဲ့ ကြည့်ချင်စရာ မကောင်းတဲ့ အကောင်နဲက လိုက်ကစားနေရတာဖြစ်ပြီး ပင်လယ်ကမ်းမှာ လှုပ်ရှားရုန်းကန်နေရသလို ငါးဖမ်းသမားတွေလက်က လွတ်အောင် ပြေးနေရတဲ့ ဂိမ်းဖြစ်ပါတယ်။
    [​IMG]


    Catherine

    ယောင်္ကျားတွေဟာ သူတို့ချစ်သူထက် တခြားမိန်းကလေးကို ပိုလှတယ်ထင်တတ်ပါတယ်။ဒီတော့ ဒီဂိမ်းပေါ်လာတယ်လို့ ပြောပါတယ်။ဒါပေမယ့် ဂိမ်းရဲ့ ပုံစံကတော့ ချစ်သူကို သဝန်တိုရပြီး သူကအဝတ်တွေကို ညဘက် လာခိုးတဲ့ သိုးတွေကို သတ်ပေးရတာဖြစ်ပါတယ်။သူဟာ ချစ်သူအပေါ်သစ္စာရှိသူအဖြစ်နဲ့ ဒီလို နောက်ဆုံးခန်းမှာ ပြသရတာဖြစ်ပါတယ်။ရှုံးခဲ့ရင်တော့ ကက်သရင်းဆိုတဲ့ ကောင်မလေးဟာ ကိုယ်တုံးလုံး ဖြစ်သွားမှာ ဖြစ်ပါတယ်။
    [​IMG]
     

Share This Page